Betadine Antiseptic Soultion (500ml)

Rating:
0% of 100
0 Ratings
Special Price Ks16,435
Regular Price Ks17,300
5%
In stock
SKU
barlolo-betadine-antiseptic-soultion-500ml
Add to Cart

BETADINE® [ဘီတာဒင်း] ပိုးသတ်ဆေးရည်
Povidone- Iodine 10% w/v [ပိုဘီဒုန်း- အိုင်အိုဒင်း ၁၀% w/v] ပါဝင်ပြီး ပိုးသတ်ဆေး ဖြစ်သည်။ 
Features [ထူးခြားချက်/ အသုံးဝင်မှု]
၁ - ရောဂါပိုးမွှားများစွာကို သေစေနိုင်သည့်အစွမ်း ရှိသည်။ ဘီတာဒင်းပိုးသတ်ဆေးရည်သည် ယခုလက်ရှိ အသုံးပြုနေသည့်ပိုးသတ်ဆေးရည် အားလုံးထဲတွင် ပိုးသတ်နိုင်စွမ်း အကောင်းဆုံးဖြစ်သည်။
၂ - ဘီတာဒင်းပိုးသတ်ဆေးရည်သည် ရောဂါပိုးမွှားအများစုကို ၁၅ စက္ကန့်မှ ၃၀ စက္ကန့်အတွင်း လျင်မြန်စွာ သတ်ပေးနိုင်သည်။
၃ - Povidone- Iodine [ပိုဘီဒုန်း- အိုင်အိုဒင်း]သည် ပရိုတင်းနှင့် ဆက်စပ်သည့်ဓာတ်များကို ကပ်တွယ်ပေးသည်။ အရောင်ကို ကြည့်ပြီးအနာ၏အခြေအနေကို ခန့်မှန်းနိုင်သည်။ ဒဏ်ရာတွင် ပြည်၊သွေး၊ အရည်ကြည်များထွက်နေပါက ပိုးသတ်ဆေးရည် လုံလုံလောက်လောက် သုံးပေးရန်လိုအပ်ပါသည်။
၄ - အသုံးပြုပြီး အရေပြားတွင်စေးကပ်ခြင်း၊ ယားယံခြင်းများ မဖြစ်ပေါ်စေပါ။
၅ - အရေပြားနှင့် အဝတ်အစားများတွင် ဆေးစွဲခြင်းများ မဖြစ်ပေါ်စေပါ။
၆ - အသုံးပြုသူ၏ အရေပြားနှင့်အဝတ်အစားများကိုလည်း ဆေးများစွန်းထင်ခြင်း မဖြစ်စေပါ။ 
၇ - ဆေးလိမ်းပြီးနေရာကို ပတ်တီးစီးခြင်း၊ ကျောက်ပတ်တီးပတ်ခြင်း၊ ဆေးပလာစတာ ကပ်ခြင်းများ ပြုလုပ်နိုင်သည်။ ဆေးအာနိသင် လျော့မသွားနိုင်ပါ။
Indications and Procedures [အညွှန်းနှင့် အသုံးပြုနည်း]
၁ - ခွဲစိတ်မှုမပြုမှီ အရေပြားပေါ်ပိုးသတ်ခြင်းအတွက် အသုံးပြုနိုင်သည်။
၂ - ခွဲစိတ်မှုလုပ်ပြီး အနာပိုးမဝင်အောင်လည်း အသုံးပြုနိုင်ပါသည်။
၃ - သတိထားပြီး လုပ်ဆောင်ရမည့် ကိစ္စများဖြစ်သည့် မီးလောင်ဒဏ်ရာရခြင်း၊ ပြတ်ရှဒဏ်ရာရခြင်းနှင့် ထိခိုက်ပွန်းပဲ့ခြင်းတို့တွင်လည်း နောက်ဆက်တွဲပိုးမဝင်အောင် အသုံးပြုနိုင်ပါသည်။
၄ - ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးနှင့် မှိုတု့ိကြောင့်ဖြစ်သည့် ကူးစက်ရောဂါအမျိုးမျိုးကို ကုသပေးနိုင်ပြီး ပွေး၊ မှက်ခရု၊ အနာစက် နှင့် ရေယုန်ရောဂါများအတွက်လည်း အသုံးပြုနိုင်ပါသည်။
Uses [အသုံးပြုမှု]
အကြီးစားနှင့် အသေးစားခွဲစိတ်မှုတို့ မပြုလုပ်မီနှင့် ပြုလုပ်ပြီးအချိန်တွင် ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သည်။ ပိုးသတ်ဆေးအဖြစ်လိမ်းသည့်အခါတွင် လုံလုံလောက်လောက် လိမ်းပေးပါ။
ထုတ်လုပ်သည့်နိုင်ငံ - Cyprus [ဆိုက်ပရပ်စ်] 
ထုတ်လုပ်သူ - Mundipharma pharmaceuticals Co. Ltd. [မန်ဒီဖားမား ဖာမာစီတီကယ်ဆေးဝါးကုမ္ပဏီလိမိတက်] မှ ထုတ်လုပ်သည်။

မှာယူထားသော ပစ္စည်းများအတွက်ပို့ဆောင်ပေးသော ၀န်ဆောင်မှုလည်းရှိပါသည်။

Write a comment here
Merchant’s Other Products